30 C
Yangon

ကလေးမြို့တွင် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်နှင့် ပျူစောထီးခေါင်းဆောင် အားပေါင်တို့ ပူးပေါင်းပြီး အငြိမ်းစားရဲအရာရှိ နေအိမ်ကို ဓားပြတိုက်မှု ညတွင်းချင်းဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်နှင့် ပျူစောထီးခေါင်း ဆောင် အားပေါင်တို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့အရာရှိ အငြိမ်းစား နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ခဲ့ရာ ညတွင်း ချင်းဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၈ ရက် ညပိုင်းက ကလေးမြို့၊ အောင်သစ္စာရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်အောင်သည် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ဝင်းစိုး၏ သား၊ ပျူစောထီးခေါင်းဆောင် အား ပေါင်နှင့် ပူးပေါင်းပြီး တာဟန်းရပ်ကွက်ရှိ ရာထူးကြီး အငြိမ်းစား ရဲအရာရှိကြီး၏ နေအိမ်ကို ဓားပြ ဝင်တိုက်ကာ ငွေကျပ်သိန်း ၃၀၀၀ တောင်းယူခဲ့ကြောင်း၊ ထိုသို့ တောင်းသည့်ငွေကို အိမ်ရှင်များက ပေးအပ်ခဲ့ပြီး ဖုန်းဆက်တိုင်ကြား ဖမ်းဆီးခိုင်းသဖြင့် ညတွင်းချင်းဖမ်းမိခဲ့ကြောင်း သိရ သည်။

“အုပ်ကြီးအောင်အောင်ရဲ့ မတ်တူးကားထဲမှာ သုံးလေးယောက်ပါတယ်။ နောက်ပြီးတော့ ကလေးမြို့ စစ်တပ်တစ်ခုရဲ့ ဒုအရာခံဗိုလ်ရဲ့ သားက ပျူဖြစ်နေတာ၊ အဲဒီအုပ်စုနဲ့ အုပ်ကြီးအောင်အောင်တို့ ပေါင်း ပြီး ဓားပြဝင်တိုက်တာ၊ သိန်း ၃၀၀၀ တောင်းတယ်၊ အိမ်ရှင်တွေကလည်း တောင်းတဲ့ငွေ သိန်း ၃၀၀၀ ကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ဖုန်းဆက်လို့ သူတို့အချင်းချင်း ပြန်ဖမ်းတာ။ အကုန်လုံးကို ညတွင်း ဖမ်းမိတယ်လို့ သိရတယ်။ အဲဒီလို ဖမ်းပြီးတော့ အကုန်လုံးကို ထောင် ၁၅ နှစ်ချလိုက်ပြီ။” ဟု ကလေးမြို့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဓားပြတိုက်မှု ကျူးလွန်ခဲ့သည့် အောင်သစ္စာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်အောင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ရပ် ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာချိန်မှစ၍ လူငယ်များကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို လုပ်ဆောင်သူဖြစ်ကြောငး်၊ ၎င်းကြောင့် လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“အခုသူ့ကို အမှုတွေအများကြီးနဲ့ စွဲတယ်လို့ ကြားတယ်။ သူအခုလိုဖြစ်သွားတော့ အောင်သစ္စာရပ် ကွက်မှာနေတဲ့ ပြည်သူတွေကတော့‌ တော်တော်လေးကို ပျော်ရွှင်နေကြတယ်။ သူမရှိတော့ တော် တော်လေးအေးချမ်းသွားပြီဆိုပြီး ပျော်နေတာ၊ သူပေးတဲ့ဒုက္ခတွေ ခံရတယ်ဆိုတော့လေ။” ဟု ကလေးမြို့နေပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ – ဓားပြခေါင်းဆောင် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဓားပြခေါင်းဆောင် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်အောင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article