ရန်ကုန်၊ နိုဝင်ဘာ ၁၄
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့တွင် AA ထိုးစစ်ကို ခုခံနေသော စစ်တပ်ထံသို့ ရိက္ခာသွားပို့ရင်း စနိုက်ပါ ထိမှန်သေဆုံးခဲ့သော ဒုရဲမှူး ဝင်းနိုင်ဦးကို တစ်ဆင့်တိုး ရဲမှူး ရာထူးဖြင့် ရဲသူရတံဆိပ် မင်းအောင်လှိုင် ပေးအပ်ကြောင်း ရဲအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရောက်စဉ် AA က စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိလာချိန် ၎င်းက သစ်ဖြူကျေးရွာ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၏ ခိုင်းစေချက်အရ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးက သွားရောက် ရိက္ခာပို့ခဲ့စဉ် ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
“သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးက AA စနိုက်ပါပစ်လို့ သေသွားတာ။ တပ်စခန်းအတွက် သူက ရိက္ခာသွားပို့တာ။ သာပေါင်းမှာ။ အခုတော့ ရဲသူရဲကောင်းတံဆိပ်ဖြစ်တဲ့ ရဲသူရ တံဆိပ် ချီးမြှင့်တယ်ဆိုပြီး ဒီနေ့ သတင်းစာထဲမှာပါတယ်” ဟု ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယနေ့ ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင်က နယ်ပယ်အစုံမှ ပုဂ္ဂိုလ်များကို ဘွဲ့များ ပေးအပ်ရာ စစ်တပ်အတွက် စစ်တိုက်ရင်း သေဆုံးခဲ့သော စစ်သား၊ ရဲနှင့် အရာရှိများကို စစ်သူရဲကောင်းနှင့် ရဲသူရဲကောင်းတံဆိပ်များ ချီးမြှင့်ကြောင်း ယနေ့ထုတ် စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း KTV တွင် မူးယစ်ဆေးဝါး သုံးစွဲရင် သေဆုံးခဲ့သော မြ၀တီမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၏ နာရေး မြင်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




