32 C
Yangon

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်အားခ မရှင်းပေးဘဲ ဖိနှိပ်ခံနေရသော မြန်မာလုပ်သား ၇ ဦး အတွက် အလုပ်ရှင်ဖြစ်သူကို တရားစွဲဆွဲမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်အားခမရှင်းပေးဘဲ ဖိနှိပ်ခံနေရသော မြန်မာလုပ်သား ၇ ဦးအတွက် အလုပ်ရှင်ဖြစ်သူကို တရားစွဲဆိုနိုင်ရေး ကူညီပေးသွားမည်ဟု MHAC မဟာမိတ်အဖွဲ့မှ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ယခုနှစ် မေလ ၁၄ ရက်နေ့ကတည်းက လုပ်အားခ မရဘဲ ဖိနှိပ်ခံခဲ့ရသော မြန်မာလုပ်သား ၇ ဦးအ တွက် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၍ အမှုဖွင့်၍ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အမှုရုံးချိန်း ၄ ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း၊ အလုပ်ရှင်ဘက်က ညစ်နေ၍ တရားစွဲဆိုနိုင်ရေး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“သူဌေးကညစ်နေတာ စဝါဒီကန်ရုံးကနေလည်းဆင့်ခေါ်တယ်။ ဥပဒေအတိုင်း သတ်မှတ်ကာလတွေ ကျော်လွန်တဲ့အထိပေါ့။ ဒါပေမဲ့ သူဌေးဘက်က မလုပ်ပေးဘူး။ နောက်ဆုံးအဆင့်အနေနဲ့ သူဌေးကို ခု တရားစွဲတော့မှာပါ။ အလုပ်သမားတွေ ရသင့်ရထိုက်တာ ပေးရင်ပေး မပေးရင် ထောင်ကျတဲ့အထိ ရောက်သွားမှာပါ။ ကျွန်တော်အနေနဲ့ နစ်နာသူ အလုပ်သမားတွေ ရှေ့ကနေ ပြီးတဲ့အထိ နစ်နာမှုတွေ အပြည့်အဝ ပြန်လည်ရတဲ့အထိ ရပ်တည်ကာကွယ်စောင့်ရှောက်ပေးသွားမှာပါခင်ဗျ” ဟု MHAC မဟာမိတ်အဖွဲ့မှ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၏ တာဝန်ရှိသူက နစ်နာသူလုပ် သားများ၏ နစ်နာကြေးဆိုင်ရာများဆောင်ရွက်ပေးရန်အတွက် နိုဝင်ဘာလအတွင်း ရုံးချိန်းရက်အဖြစ် သတ်မှတ်ပေးမည်ဖြစ်သော်လည်း ထိုရက်၌ အလုပ်သမားများအတွက် နစ်နာထားသည်များကို ရရှိနိုင်ရန် လုပ်ငန်းရှင်ကို တရားရုံးတွင် တရားစွဲခြင်းစတင်မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article