27 C
Yangon

လားရှိုးမြို့ပြင်ရှိ MNDAA တပ်များကို စစ်တပ်က ဆုတ်ခွာခိုင်းသည်ဆိုသော သတင်းများ ထွကပါ်လာပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာကာ လားရှို့မြို့ဝင်ပေါက်များနှင့် လမ်းများ ပိတ်ပင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပြင်ရှိ MNDAA တပ်များကို စစ်တပ်က ဆုတ်ခွာခိုင်းမှုကြောင့် ကိုးကန့်နှင့် စစ်တပ်အကြား နှစ်ဖက်စစ်ရေးတင်းမာပြီး လားရှို့မြို့ဝင်ပေါက်များနှင့် လမ်းများကို နှစ်ဖက်စလုံးက ပိတ်ပင်ထားကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယခုနိုဝင်ဘာလဆန်းပိုင်း MNDAA တပ်များနှင့် စစ်တပ်တို့အကြား ပုံမှန် တွေ့ဆုံမှုများ လုပ် ဆောင်ခဲ့စဉ် စစ်တပ်က MNDAA တပ်များကို လားရှိုးမြို့ပြင်၊ ကျေးရွာများတွင် တပ်စွဲထားမှုမှ ဆုတ်ခွာပေးရန် အမိန့်ပေးလာရာမှ နှစ်ဖက် စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ MNDAA ဘက်ကို ဆက်သွယ်မေးမြန်း အတည်ပြုရန် ကြိုးစားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

လက်ရှိတွင် လားရှိုးမြို့ကို ဝင်ရောက်နိုင်သည့် သီပေါတံတား၊ နမ့်လန်၊ ဟိုယ တို့ကို MNDAA နှင့် စစ်တပ် နှစ်ဖက်စလုံးက ပိတ်ပင်ထားကြောင်း၊ လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာမှုရှိသော်လည်း သေနတ်ပေါက်သည်အထိ မဖြစ်နိုင်ဘဲ တရုတ်နိုင်ငံက ကြားဝင်မှုဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆကြောင်း၊ အဓိက အားဖြင့် စစ်တပ်က အင်အား ပြန်လည် စုစည်းမိလာချိန်တွင် MNDAA အပေါ် အပေါ်စီးက ပြန်လည် ဆက်ဆံရန် ကြိုးစားလာခြင်း ဟု ယူဆနိုင်ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

“သီပေါတံတားကနေတော့ ဘယ်သူမှ ပေးမဖြတ်တော့ဘူး။ အခု စစ်ရေးတင်းမာတာလား။ ဘာအကြောင်းလဲတော့ သေချာမသိဘူး။ ကြားထဲမှာ တရုတ်က ကြားဝင်ထားတဲ့ကိစ္စဆိုတော့ နှစ်ဖက်စလုံးကတော့ သေနတ်ပေါက်တဲ့အထိ ဖြစ်ကြမယ်လို့ မထင်ပါဘူး။ နှစ်ဖက်တင်းမာပြီး တရုတ်က ဝင်ညှိလိုက်ရင် ပြီးသွားမှာပဲ။ လမ်းတံတားတွေ ပိတ်တာကလည်း ခဏလောက်ပဲ ဖြစ်မယ်လို့ထင်ပါတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

သို့ရာတွင် စစ်တပ်က တရုတ်၏ ကြားဝင်မှုကို ဂရုမစိုက်ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ အပါအဝင် မြို့များကို ပြန်လည် ရယူလိုနေပြီး ၎င်းလက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို တောင်းယူခြင်း များ တိုးမြှင့်လာနိုင်ကြောင်း၊ တောင်း၍ မရပါက တိုက်ယူသည်အထိ ဖြစ်လာပါက နှစ်ဖက် အပစ်ရပ်ရေး ကျိုးပေါက်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် လက်ရှိ ရရှိထားသော စစ်ရေးရပ်စဲရေး သဘောတူညီချက်မှာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံး ငြိမ်းချမ်းရေး မဟုတ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး ဝေးလံနေဆဲဖြစ်ကြောင်း ကိုးကန့် အထူးဒေသ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ MNDAA၏ စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Mr. Peng De Ren က အောက်တိုဘာ ၂၅ ရက်နေ့ MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် ၁ ကေဒါများ အလှည့်ကျသင်တန်းဆင်းပွဲတွင် သတိပေးပြောဆိုခဲ့သည်။

ဓာတ်ပုံ – MNDAA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article