27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီမြို့နယ်က မောတောင်မြို့သိမ်းတိုက်ပွဲမှာ မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ မောတောင်မြို့မ ရဲစခန်းနဲ့ လ၀ကရုံးအပါအဝင် လုံခြုံရေး ဂိတ်တွေကို တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်ပြီး ၊ စစ်တပ်ဘက်က တပ်သားတော်တော်များများလည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း ညင်းမော် ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ၊ စစ်တပ်ဘက်က ရှေ့ဆက်တိုးလို့မရပဲ နောက်ပြန်ဆုတ်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က မင်္ဂလာဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဝါယာလက် တောတိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး အေးမြင့် နဲ့ အဖွဲ့က နေအိမ်တွေပေါ်အထိတက်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article