30 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ဘားအံမြို့သို့ လာရောက်မည်ဖြစ်၍ BGF အပါအဝင် စစ်တပ်နှင့် အဆင်ပြေသော ကရင်လက်နက်ကိုင်များ မြို့ထဲမလာရ အမိန့်ထုတ်ပြီး ဘားအံတစ်ခွင် လုံခြုံရေး အထူးတင်းကျပ်ထား၊ မအူပင်တွင်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲ တက်ဦးမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

အကြမ်းဖက် မင်းအောင်လှိုင်မှာ ယနေ့ ကရင်ပြည်နယ် ဘားအံမြို့သို့ လာရောက်မည်ဖြစ်၍ BGF အပါအဝင် စစ်တပ်နှင့် အဆင်ပြေသော ကရင်လက် နက်ကိုင်များ မြို့ထဲမလာရဟု အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လတ်တလော ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ ၇၅ ကြိမ်မြောက် စိန်ရတု ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ဘားအံမြို့သို့ လာရောက်ရန်ရှိနေကြောင်း သိရှိရသည်။

“ဘားအံကို မအလ လာမှာလို့ ကရင်လက်နက်ကိုင်တွေကို လက်နက်ကိုင်ပြီး မြို့ထဲမလာရ အမိန့်ထုတ်တယ်။ ဘားအံမှာ တပ်နယ်တွေ့ဆုံပွဲနဲ့ ကရင် ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာတွေ့ဆုံပွဲ လုပ်မယ်။ ပြီးရင် ဘားအံ တောင်ကလေး စစ်ဆေးရုံကိုသွားပြီး ဒဏ်ရာရ စစ်သည်တွေကို သွားပြီး တွေ့ဖို့ရှိတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မင်းအောင်လှိုင်က မအူပင်မြို့နယ်တွင် ဖွင့်လှစ်ရန်ရှိနေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲသို့လည်း တက်ရောက်ရှိ နေပြီး ယမန်နေ့ကတည်းက မအူပင်မြို့တစ်ခုလုံး လမ်းဘေးဝဲယာ ဆေးသုတ်ခြင်း၊ လုံခြုံရေးများ ချထားခြင်း၊ ဝန်ကြီးဌာန အဆောက်အအုံများ ဆေးသုတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“နိုဝင်ဘာလ တတိယအပတ်မှာ မအူပင်မှာ စိုက်/မွေးတက္ကသိုလ်ဖွင့်ပွဲ စစ်ခေါင်းဆောင် တက်ဖို့ရှိနေတယ်။ အဲဒါအတွက် အခုကတည်းက ကြိုပြင်နေကြပြီ” ဟု မအူပင်အခြေစိုက် ဒေသကင်းထောက် သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article