31 C
Yangon

ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာအကြား စစ်တပ်နှင့် ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပြီး စစ်သား ၇ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ် ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် ရေးဘီလူးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၇ဦး သေကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် တပ်ရင်းမှူး ရေးဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ရေးဘီလူးအဖွဲ့က အသာစီးရယူ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက ရွာကလေးနဲ့ ဝါရဟိုင်းကြားထဲမှာ။ ရန်သူ့ဘက်က သေဆုံးမှု ၇ ဦး ရှိတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ ဒဏ်ရာရတာကျတော့ အာယုတောင်ကို ပြန်ပို့ချသွားတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့က ရွာကလေးရွာ သူတို့ ကျော်လာခဲ့တယ်။ ဝါရဟိုင်းကြားလို့ ပြောလို့ ရတယ်။ အဲဒီမှာ ထိတွေ့မှုဖြစ်တယ်။ တိုက်ပွဲ ဖြစ်ချိန်က ၄၅ မိနစ်လောက်ရှိတယ်။ ကျွန်တော်တို့ဘက်ခြမ်းက လက်ဦးမှု အရင်ရတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ရှိတဲ့ Target အထိုင်နေရာကိုပဲ ည်းတာပေါ့။ ကျွန်တော်တို့က သတင်းအရင်ရတော့ အသာစီးပစ်ရတယ်။ ရန်သူ့ဘက်က ထိခိုက်မှုများတယ်။ ထိခိုက်မှုများတော့ သူ့ ဦးတည်ချက်တွေ ထပ်မ‌ရွေ့ဘဲနဲ့ စစ်ကြောင်းက ကျွန်တော်တို့နဲ့ ပစ်တဲ့နေရာ အနီးအနားတောထဲမှာပဲ ငြိမ်သွားတယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်မူ အကြမ်းဖက်စစ်သားများက စစ်ကြောင်း ထပ်မတိုးတော့ဘဲ ပြန်ဆုတ်သွားသည့်အပြင် ဖမ်းဆီးထာစသည့် ဒေသခံများကိုလည်း ပြန်လွှတ်ပေးသည်ဟု ကြားသိရကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရှိရသည်။

“ဒီတစ်ခေါက်တော့ သူတို့ဘက်က တိုးလာခဲ့တဲ့ စစ်ကြောင်းအရမ်းကို အထိနာသွားတယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်က ရေးဘီလူးတပ်ဖွဲ့ကို စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရန် ကြိုးစားသော်လည်း ၃ နှစ်ကျော်ကြာလာသည်အထိ ရေးဘီလူးတပ်ဖွဲ့ကသာ အသာစီးဖြင့် စစ်တပ်၏ ထိုးစစ်ကို ပြန်လည် ခုခံ တိုက်ခိုက်ကာကွယ် ချေမှုန်းနိုင်ခဲ့ကြောင်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article