28 C
Yangon

စလင်းမြို့နယ်တွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေကို NUG တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးအမှုဖွင့် တရားစွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေကို NUG မတရားရုံးက အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးအမှုဖွင့် တရားစွဲထားကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

စလင်းမြို့နယ်တွင် တရားမျှတ လွတ်လပ်သန့်ရှင်းသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီးနိုင်ငံ့ခေါင်းဆောင်များကို အမှုဆင်ဖမ်းဆီးထောင်ချသည့် အာဏာလု စစ်အုပ်စု​၏ အတုအယောင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို ဖမ်းဆီး အပြစ်ပေးအရေးယူခြင်းဖြစ်ကြောင်း၊ စလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေ ကို ပြည်သူများ၏ သတင်းပေးပို့မှုအရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေမှာ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ရွေးကောက်ပွဲ​တွင် ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူကို အကြမ်းဖက်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း၊ တရားခံ သက်ဝေ ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန် စလင်းမြို့နယ် တရားရေးအဖွဲ့က တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၅ ဩဂုတ် ၂၄ ရက်နေ့တွင် စစ်ကောင်စီရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် “တရားမဝင်အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နှင့်သဘောထားထုတ်ပြန်ကြေညာချက်”ကို ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုဝင်ဘာ ၆ ရက်မှာအကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အတင်းအကျပ် မဲပေးစေခိုင်းသူများကို တိုင်ကြားနိုင်ရန်အတွက် အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စစ်အုပ်စု၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး် Telegram – https://t.me/publicnugmohai တွင် တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article