31 C
Yangon

ကျောက်ဖြူမြို့နယ်ရှိ စာသင်ကျောင်းများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကျောင်းသားကျောင်းသူများကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့သဖြင့် သေဆုံးထိခိုက်မှုမရှိ ၊ လေကြောင်းရန် သတိပြုကြရန် AA က ထပ်မံ သတိပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရခိုင်ပြည်ကျောက်ဖြူမြို့နယ်အတွင်းရှိ စာသင်ကျောင်းများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူများကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့သဖြင့် သေဆုံးထိခိုက်မှုမရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ လိပ်တင်ကျေးရွာအတွင်းသို့ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးမှာ လိပ်တင်ကျေးရွာ စာသင်ကျောင်းအတွက် ကျရောပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် အသေခံဒရုန်း ၁ စီးဖြင့်ပါ အဆိုပါ စာသင်ကျောင်းကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စာသင်ကျောင်းအတွင်း စာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများကို အချိန် မီ ရွှေ့ ပြောင်းနိုင်ခဲ့၍ အသက်သေဆုံး၊ ဒဏ်ရာရမှု မရှိခဲ့ကြောင်း၊ စာသင်ကျောင်းအဆောက်အအုံမှာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်အချိန်တွင် စစ်တပ်က ကျောက်ဖြူမြိုနယ်၊ ကျောက်ကလေကျေးရွာကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လာရောက် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် တွင်လည်း အမြင့်ကျွန်း တံတားအနီးအနားသို့ Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၆၀ ခန့် လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၁၇ မိနစ်အချိန်တွင်လည်း ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာ နှင့် သံချောင်းရွာအနီးပတ်ဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဇင်ချောင်းကမ်းခြေမျက်နှာစာတွင် နေရာယူထားသော စစ်တပ်၏ စစ်သင်္ဘော ၂ စီးကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လတ်တလော ထိခိုက်၊ သေဆုံးဒဏ်ရာရမှုများမှာ လောလောဆယ်မသိရသေးကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်တပ်က ကျောက်ဖြူမြို့ ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်ကို ပိုမိုသတိထားကြရန် AA က သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article