24 C
Yangon

အမေရိကန်၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးတွင် နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေဟု အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်း ပြော၊ မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အမေရိကန်ပြည်ထောင်စု၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးမှာ Hidden Agenda နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေကြောင်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုသည်။

ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force Burma အဖွဲ့ ဖွဲ့စည်း၍ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ ၂ ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘန်ကောက်သို့ FBI Agent များစေလွှတ်သည်ဟု သိရှိရကြောင်း၊ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

“‘ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနက ပြောတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခု ရှိနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ ကျားဖြန့် ဒေသများဖြစ်သော KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသများရှိ အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးတို့မှာ တစ်ဖက်နိုင်ငံမှ ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်က KK Park ကို ဖြိုဖျက်စဉ်ကလည်း အစများ ထိုင်းနိုင်ငံဘက်သို့ ကျရောက်သည်ဟု ကန့်ကွက်ကြောင်း၊ ဖောက်ခွဲ ဖြိုဖျက်မှုများသည် အနီးအနားရှိ သစ်ပင်ပင် မလှုပ်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံထဲသို့ အစများ ကျစရာ အကြောင်းမရှိကြောင်း ၎င်းက ဆိုပြန်သည်။

ထို့အပြင် ကျားဖြန့်ဒေသရှိ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက အပြစတင် ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article