31 C
Yangon

လှည်းကူးတွင် စစ်တပ်၏ ရွေးကောက်ပွဲကို ကူညီနေသော ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ပျူစောထီး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်ပေးနေသော ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့် လှည်းကူးမြို့ နယ်၊ ဇရပ်ကွင်းရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်ပေးနေသော အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးများ စုဝေးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး၏ နောက်လိုက်များဖြစ်သော ပျူစောထီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲ့ရုံးကအုပ်ကြီးနဲ့ နောက်လိုက်တွေက ပြည်သူကိုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားမှုလုပ်တယ်။ မဲဆွယ်ပွဲတိုင်းမတက်ရင် ခြိမ်းခြောက်တာတွေလုပ်တယ်။ စစ်မှုထမ်းကြေးလည် လစဥ်မထည့်မနေရ ကောက်တာတွေ လုပ်ဆောင်တယ်။ သူကိုယ်တိုင်လည်း လူငယ်တွေကို ပြန်ပေးဆွဲပြီးတောင်းစားတဲ့ကိစ္စတွေလည်းလုပ်တယ်။ သူတို့ကို ထိထိရောက်ရောက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ပျူခွေး ၂ ကောင်ကတော့လွင့် ထွက်သွားပြီး ကျန်တဲ့ကောင်တွေခွေးပြေးပြေးကြတယ်” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ စစ်တပ် နှင့်ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်တပ် ပြုလုပ်မည့် တရားမ၀င် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေသူများကို အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army က အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – လှည်းကူးမြို့နယ် ကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်ပါတီမှ စစ်အရာရှိဟောင်း ခင်္င်မောင်စိုးနှင့်အဖွဲ့ဝင်များက မဲဆွယ်ဆိုင်းဘုတ်ဖွင့်ပွဲ တက်ရောက်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လှည်းကူးမြို့နယ် ကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်ပါတီမှ စစ်အရာရှိဟောင်း ခင်္င်မောင်စိုးနှင့်အဖွဲ့ဝင်များက မဲဆွယ်ဆိုင်းဘုတ်ဖွင့်ပွဲ တက်ရောက်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article