ရန်ကုန်၊ ဇန်နဝါရီ ၂၇
တနသာ်ရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ် နဘုလယ်ဒေသ၊ပရဒတ်ကျေးရွာမှ NLD ပါတီဝင် ဦးကျော်ဝင်း(ခ) ဦးဖပလက်ကို ပျူဟောထီး အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြော်ငး သိရှိရသည်။
ဇန်နဝါရီ ၂၇ ရက် မနက် ၈ နာရီ ဝန်းကျင်ခန့်အချိန်က ဦးကျော်ဝင်း(ခ)ဦးဖပလက် အသက် ၅၀ နှစ်သည် ၎င်း၏ဥယျာဉ်ခြံတွင် သစ်ပင်များရေလောင်းနေစဉ် ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ အနီးအနားရှိတောတွင်း တစ်နေရာတွင် ညှဉ်းပန်းနှိပ်စက်ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြော သည်။
ဦးကျော်ဝင် (ခ)ဦးဖပလက် သည် ရွာထဲတွင်အနေအေးဆေးသူဖြစ်ပြီး NLD ပါတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ပျူစောထီးများက ၎င်း၏ ဆိုင်ကယ်နှင့်ဖုန်းကို လာရောက် သိမ်းယူပြီး ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပျူစောထီးများက လာရောက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အသတ်ခံရသူ NLD ပါတီဝင် ဦးကျော်ဝင်းတွင် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသားမှာ လသားအရွယ်၊ ၁၃ နှစ်အရွယ် သမီးငယ်၊၉ နှစ် အရွယ် သားငယ်တို့ ကျန်ရစ်ကြောင်း၊ ဦးကျော်ဝင်းသည် ဥယျာဉ်ခြံစိုက်ခြင်းဖြစ် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းသူဖြစ်ပီး ခါးနာဝေဒနာခံစားနေရသူဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့လယ်ပိုင်းတွင် အလောင်းအား ရေဖြူဆေးရုံသို့သယ် ဆောင် သွားကြောင်း သိရှိရသည်။