ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်နဲ့ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ သူတို့လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် ကြိုတင်မဲတွေ ပေးခိုင်းနေပြန်တဲ့အပြင် ကြံ့ဖွတ်ပါတီကိုသာ မဲထည့်ရမယ်ဆိုပြီးတော့ကို အမိန့်ထုတ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်က ပူးပေါင်းပါဝင်ပက်သက်နေတဲ့ ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေကို နှိမ်နင်းရေးတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင် ရွက်တာမျိုး မလုပ်ပဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုကနေ နိုင်ငံတကာအသိုက်အဝန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
- ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ နန်းမားမြို့မရဲစခန်းကို KIA – PDF ပူးပေါင်းတပ်တွေ က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိထားပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




