By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်း ၅ ခုကို တစ်ပြိုက်နက် တည်းတိုက် ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။
– ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အားကိုးရတဲ့ စက်လက်သမား၃ဦး သေဆုံးခဲ့တယ်လို့ VENOM စစ်ကြောင်းက မနေ့ညကသတင်းထုတ်ပြန်ပါတယ်။
– ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မစိန္တလမ်းမှာရှိတဲ့ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လက်ပစ်ဗုံးနဲ့ ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့တပည့်ဖြစ်သူ ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးခဲ့ပါတယ်။
– ကျောက်ကြီးမြို့နယ် လော်မူပယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ ညနေ ၅နာရီလောက်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။