ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ စစ်တပ်ကလုပ်မယ့် အယောင်ပြ ရွေးကောက်ပွဲကို ရှုတ်ချဖို့ အပြင် ၊ မြန်မာ့အရေး အထူးကိုယ်စားလှယ် ခန့်အပ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပံ့ပိုးဖို့ အမေရိကန် လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့် အစိုးရဆီကို တရားဝင် တောင်းဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချရန် ဆိုတဲ့အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂမှာ အရင်ဆုံး အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
- မြန်မာ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူက အပြစ်မရှိလို့ ထွက်ပြေးမှု မရှိဘူးဆိုပြီးတော့ပါ BGF ပြောခွင့်ရ နိုင်မောင်ဇော် ဆိုသူက ပြောဆိုလာပြန်တဲ့အပြင် သူတို့ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မှာလည်း ကျားဖြန့် တရုတ်သူဌေးတွေ မနေဘူးဆိုပြီးတော့ပါ ပြောဆိုနေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




