28 C
Yangon

ချောက်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး ၊ စစ်ကြောင်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းပေါ် ဖြတ်သန်းသွားလာသော စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Tiger Fighter Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းပေါ်၌ ဖြတ်သန်း သွားလာနေသော စစ်သားများလိုက်ပါလာသည့် ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၅ ကောင် လိုက်ပါလာတဲ့ ကား၁ စီးကို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင်က နေရာတင်သေတယ်။ ကားမောင်းတဲ ၁ ကောင်ပဲ ဒဏ်ရာနဲ့ ပြန်ပါသွားတယ်။ ကားက အပစ်ခံရတော့ နည်းနည်းအရှိန်လျော့ပြီး ပြန်ပစ်ပြီး အတင်းမောင်းပြေးသွားတာ အဲဒီမှာ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးထိခိုက်သွားတေ စစ်ခွေးဘက်က လက်နက်ခဲယမ်းရရှိတာမျိုးမရှိလိုက်ဘူး။ ချောက်ဘက်ကနေ လက်ဖက်ရည်သောက်ပြီး မြ၀တီကိုအပြန်မှာ လမ်းတစ်နေရာမှာ တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေရာမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးမြင့်မြတ်စွာနဲ့အသက်ပေးခဲ့ရတယ်” ဟု Tiger Fighter Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း နယ်စည်းမချား Tiger Fighter Force နှင့် ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ချောက်မြို့နယ်အတွင်းရှိတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းနှင့် မြို့ အဝင်ဂိတ်စခန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Organization – Natmauk မှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်း ဂွေးတောက်ကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက် ပကဖ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့အဝင်မြောက်ဘက်ဂိတ်ကို နတ်မောက်မြို့နယ် ပကဖ က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article