25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ ခြေကုတ်စခန်းကို ဝေါလေဗျူဟာကုန်းက တဆင့် လက်နက်ခဲယမ်း လာရောက် ပို့ဆောင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ KNLA၊ KNDO ရဲ့ တိုက်ခိုက်တာ ခံရပြီး အယောက် ၂၀ ကျော်သေဆုံးတဲ့အပြင် ၊ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထင်လင်း အောင်က အရင်ဦးဆုံး ထွက်ပြေးသွားခဲ့ပါတယ်။

-ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ် ရဲ့ တပ်စခန်း ၅ ခုကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့ကနေ တိုက်ခိုက်သိမ်းယူပြီး နောက် အဲ့ဒီ့ စခန်း အနီးက ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ဟာ လေယာဥ်နဲ့ ဗုံးကျဲတာ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ထုတ်ပြန်ထားပါတယ်။

– ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးမှာ ဒီကနေ့ မနက် ၉ နာရီ ဝန်းကျင် လောက်က စစ်တပ်သတင်းပေးလို့ သတ်မှတ် ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးတဲ့အပြင် ၊ ၁ ဦးက ဒဏ်ရာ ရရှိထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article