ရန်ကုန်၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နေပြည်တော်စစ်ရုံးက ခေါ်ယူစစ်ဆေးလျက်ရှိရာ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် ရွှေတူးမှုနှင့် သစ်ထုတ်လုပ်ခွင့်ပြုသည့် အမှုများစွာ ပေါ်ပေါက်လာကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်အတွင်း စစ်ဆင်ရေး ရှုံးနိမ့်မှုများ၊ အမိန့်မနာခံမှုများကြောင့် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီး ကြပ်ကွပ်ကဲစစ်ဆေးနေကြောင်း၊ လက်ရှိတွင် လာဘ်ပေးလာဘ်ယူမှု၊ ရွှေတူးဖော်ခွင့်နှင့် တရားမဝင် သစ်ထုတ်လုပ်ခွင့်များစွာကိုလည်း ငွေကြေးများစွာ ရယူခဲ့ပြီး ခွင့်ပြုမှုများလည်း ပေါ်ပေါက်လာကြောင်း သိရှိရသည်။
“တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့အတူပါလာတဲ့ ဒုစအဖချုပ် ဗိုလ်ချုပ် မင်းသူ ကိုယ်တိုင် စစ်နေတာ။ အခု မင်းကင်းက ရွှေမျှောတွေကို လေကြောင်းတိုက်ခိုက်မှုတွေကလည်း သူတို့ မျိုးမင်းထွေးတို့ရဲ့ စစ်ကြောချက်တွေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပြီးတော့ လုပ်ကိုင်တယ်ဆိုတဲ့ သတင်းတွေ ရလို့ အခု မင်းကင်းတို့ ကလေးဝဘက်တွေ ဗုံးကျဲနေတာ။ တိုင်းမှူး မျိုးမင်းထွေးတို့ရဲ့ စစ် ကြောချက်တွေကို ယူပြီးတော့ အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ။ မနေ့က ညနေအထိကတော့ စစ်နေတုန်းပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်သွားခြင်း၊ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ချေမှုန်းခံရခြင်း အပါအဝင် စစ်ဆင်ရေး ရှုံးနိမ့်မှုများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်တပ်က ခေါ်ယူ မေးမြန်းစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင် ဘာလ ၈ ရက်နေ့ ဦးပိုင်အမြတ်ငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် နောက်ဆုံးတွေ့မြင်ရပြီး ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ် သင် တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သည်။
၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်နေ့ကိုးကန့် (MNDAA)နှင့် ပူးပေါင်းတပ်များက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည့် လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း ကိုးကန့်MNDAA ထံတွင် လက် နက်ချအညံ့ခံခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ လားရှိုးတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




