ဒီကနေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး ကို နေပြည်တော်စစ်ရုံးက ခေါ်ယူစစ်ဆေးရာမှာ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် ရွှေတူးမှုနှင့် သစ်ထုတ် လုပ်ခွင့်ပြုတဲ့ အမှုများစွာ ပေါ်ပေါက်လာတယ်လို့ နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် ရုပ်သိမ်းတဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန ထုတ်ပြန်ချက်ဟာ အချက်အလက်တွေ မှားယွင်းနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ HRW က ထုတ်ပြန်ပါတယ်။
- ပဲခူးတိုင်းစစ်ဆင်ရေးတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၁၀ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




