ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာစစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ ယုံကြည်စရာကောင်းတဲ့ ရွေးကောက်ပွဲ မဟုတ်လို့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးဖို့ အချိန်တန်ပြီဆိုပြီး တောင်းဆိုလိုက်ပါတယ်။
- အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်း၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေပျော်စံရာ ရပ်ဝန်းတစ်ခု ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က သတိပေးပြောဆိုပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ KNU သိမ်းပိုက်စစ်ဆေးနေတဲ့ မင်းလက်ပံကျေးရွာက DKBA ကျားဖြန့်အလုပ်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




