25 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး၊ သရက်ချောင်းတွင်လည်း စစ်တပ်က မီးရှို့မှု နေအိမ် ၆၁ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ တပ်ရင်းက ကျောက်ကြီးမြို့နယ်၊ သဲဖြူရွာသစ် အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမှနေ၍ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အင်းထဲတွင် ငါးဖမ်းနေသည့် နိုညာသူရွာသား အသက် ၃၀ နှစ်အရွယ် စောလယ်ဒိုထူး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ လုပ်ကိုင်စား သောက်သွားလာရာနေရာနှင့် စစ်ဘေးရှောင်နေရာများပါမကျန် လက်နက်ကြီးများ၊ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် လုပ်ကိုင်စားသောက်သွားလာ နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

ထို့ပြင် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မင်းဒပ်ကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့မှုကြောင့် နေအိမ် ၆၁ လုံးပြာကျခဲ့ကြောင်းကြောင်း KNU ဗဟို ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော မင်းဒပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ မင်းဒပ်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတာ စစ်ခွေးတွေ မီးရှို့သွားလို့ နေအိမ် ၆၁ လုံးပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article