25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်က သူ့လက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွေးကို လာဘ်ပေးလာဘ်ယူမှု၊ စစ်ဆင်ရေးကျရှုးမှုတွေနဲ့ ရာထူးကနေ ဖယ်ရှားလိုက်ပြီးတော့ ကလောမြိုက စစ်ဦးစီးတက္ကသိုလ်ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်ကျော်သူရကို နမခတိုင်းမှူးအသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ပြန်တယ်လို စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်တပ်က သူ့လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုဝန်ကြီး သန့်စင်အပါအဝင် ညွှန်ချုပ်နဲ့အရာရှိတချိုကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး ဆီစျေးကစားမှု၊ ဆီခွဲတမ်းတွေကို လာဘ်ငွေယူပြီး ချပေးမှုနဲ့ ဆီမှောင်ခိုမှုတွေအတွက် ဖမ်းဆီး စစ်ဆေး အရေးယူထားပြန်တယ်လို ဆီလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
  • မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချထားသူ အယောက် ၃ ထောင်ကျော်ကို ပြန်လွှတ်ပေးပြီး အဲ့ဒီ့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရသူ အယောက် ၅ ထောင်ကျော်ကို အမှုပိတ်သိမ်းမယ်လို ကြေညာလိုက်မှုဟာ စစ်မှန်တဲ့ နိုင်ငံရေးရည်ရွယ်ချက်မျိုးမဟုတ်ပဲ လက်တလော သူတိုစစ်တပ်ကို အမေရိကန်က အသိအမှတ်ပြုမှုရအောင် လုပ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article