21 C
Yangon

ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အရှင်ဖမ်းမိသော်လည်း ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အရှင်ဖမ်းမိပြီး စစ်ဆေးရန် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံတိုက်ခိုက်သဖြင့်ပစ်ခတ်ဖမ်းဆီးရာ နေရာ မှာပင်သေဆုံးသွားကြောင်း ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီခန့်က ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ ဘိလီယက်ခုံတွင် ကျူထိုးနေ သည့် ခလရ ၂၅၇ မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ရေစကြိုပကဖ ရဲဘော်များက ဝင် ရောက် ဖမ်းဆီးပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ခေါ်ဆောင်လာစဥ် လမ်းတစ်နေရာအရောက် ရဲ ဘော်များ၏ လက်နက်ကို လုယက်၍ ပြန်လည်ခုခံခဲ့သောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့က ထောက်လှမ်းနေတာကတော့ ကြာပြီ။ ကျူခုံမှာ သူတစ်ယောက်တည်းရှိနေပြီဆိုတာနဲ့ ဝင်ဖမ်းခဲ့တာ၊ ဝင်ဖမ်းပြီးတော့ ဆိုင်ကယ်နဲ့တင်ပြီးခေါ်လာတဲ့အချိန် ဆိုင်ကယ်ပေါ်မှာ ခုခံတော့ ဆိုင် ကယ်လဲသွားတာ၊ အဲဒါနဲ့ ရဲဘော်ကနေ ချက်ချင်းပဲ အဲဒီနေရာမှာတင် ပစ်ခတ်ရှင်းလင်းလိုက်ရတာ။ ကျနော်တို့ စစ်ဆေးမယ့်နေရာအထိကို မရောက်လိုက်ဘူး။ လက်နက်တွေမပါဘူး။”ဟု ရေစကြို ပကဖ မှတာဝန်ရှိသူက ရှင်းပြသည်။

သေဆုံးသွားသော တပ်ရေး ဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ထ့မှ ဆိုင်ကယ် ၁ စီး ၊ဖုန်း ၃ လုံး၊ ငွေသား ၃ သိန်း၊ မှတ်ပုံတင် ၂ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်းကို ည ၈ နာရီခန့်တွင် ခလရ ၂၅၇ တပ်ရင်းမှ လာရောက်ကောက်ယူသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article