24 C
Yangon

ကော့ကရိတ်-မြဝတီအာရှလမ်း မွေးမြူရေးဇုန်အနီး စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ KNU မွေးမြူရေးဇုန်အနီး ဂိတ်စခန်းချ တပ်စွဲကာ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

‘ပစ်ခတ်မှုက ၆ နာရီကနေ ၈ ခွဲလောက်အထိကြာတယ်၊ ဂိတ်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်တာ၊ နှစ်ဖက်ပစ်ခတ်မှုက ၆ နာရီကနေ ၈ ခွဲလောက်အထိကြာတယ်၊ အာရှလမ်းမပေါ်မှာကို စစ်သား ၃ ယောက် သေတယ်၊ အလောင်း ၃ လောင်းကျန်တယ်။” ဟု ကော့ကရိတ်ရှိ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း အဆိုပါနေရာ၌ပင် စစ်ကောင်စီတပ်ဖွဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့သည်။

ဓါတ်ပုံ – အာရှလမ်းတနေရာတွင် လုံခြုံရေး ကင်းလှည့်နေသော အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article