စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အလုပ်သွား၊ အလုပ်ပြန် လုပ်နေသည့် လူငယ်များ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွများတွင် လူငယ် ၃၀ ကျော်ကို အ ကြမ်းဖက် စစ်တပ်က အိမ်စီကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၂၀ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များဖြစ်ပြီး လက်ရှိအချိန်တွင် လူငယ်များကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းဆီးထားကြောင်း၊ မိသားစုများနှင့်တွေ့ခွင့်မပေးကြောင်းသိရှိရသည်။
“စစ်ခွေးတွေက ၂ ရက်ဆက်တိုက် မြို့ပေါ်ရှိတဲ့ လမ်းဆုံတွေ၊ မုံရွာ တစ်ဖက်ကမ်းကနေ မြို့ပေါ်ကို အလုပ်သွား၊ အလုပ်ကနေ ပြန် လူငယ်တွေကို အဓိကထားပြီး ပေါ်တာဆွဲတယ်လို့ သိရတယ်။ မုံရွာ တစ်ဖက်ကမ်းက မြို့ပေါ်ကို အလုပ်သွား အလုပ်ပြန်တဲ့ လူငယ်တွေလည်း ပါသွားတယ်။ ၂ ရက်ဆက်တိုက် စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးသွားတာ လူငယ် ၃၀ကျော် ဖမ်းဆီးသွားတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း နိုဝင်ဘာလ ၁ လအတွင်း ကျေးရွာများမှ လူငယ် ၃၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်များ၏ မိဘအသိုင်းအ၀ိုင်းက ပြောဆိုသည်။
“ဝမ်းတွင်းမြို့နယ် ကျေးရွာတွေမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ရွာတွေထဲအထိ လိုက်လံဖမ်းဆီးနေပြီး လူငယ် 300 ကျော် ဖမ်းဆီးခံလိုက်ရတယ်။ မိတ္ထီလာတပ်က စစ်သားတွေက ကားတွေနဲ့ပတ်ပြီး ဝမ်းတွင်းမြို့နယ်၊ အနောက်ဘက်ကရွာတွေ ၊မိတ္ထီလာ-ပင်းတလဲ-ဝမ်းတွင်း လမ်းတလျှောက်တွေ့သမျှလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးတင်ဆောင်သွားတယ်။ အဖမ်းခံရတဲ့ လူငယ်တွေကို မိတ္တီလာက တပ်ထဲကို တစ်ခါတည်း ခေါ်သွားတာ” ဟု ဝမ်းတွင်းမြို့အခြေစိုက် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ယခုဒီဇင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်သော လူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




