စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်မှစတင်၍ ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် စတင်ပါဝင်နေကြောင်း အဆိုပါမြို့များမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ကျရောက်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ်ဖြင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားရာ အညာဒေသဖြစ်သော မုံရွာနှင့် ပခုက္ကူတို့တွင် ယနေ့ နံနက် အစောပိုင်းမှပင် အသံတိတ် သပိတ် စတင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မုံရွာမြို့ပေါ်က မနက် ၉ နာရီခွဲလောက်ကတည်းက လူအသွားအလာ အတော် နည်းသွားတယ်။ ဆိုင်တွေ စျေးတွေလည်း ဖွင့်တယ်။ လာဝယ်မယ့်သူမရှိဘူး” ဟု မုံရွာဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်အာဏာရှင် တော်လှန်ရေး အားကောင်းသော ပခုက္ကူမြို့နယ်တွင်လည်း ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်၍ လမ်းပေါ်တွင် လူသူကင်းမဲ့သွားပြီး ပြည်သူများက အသံတိတ် သပိတ်တွင် စတင်ပါဝင်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယနေ့ နံနက် ၁၀ နာရီအချိန် ပခုက္ကူမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း အသံတိတ်သပိတ်စတင်ပါဝင်နေစဉ်။
Photo – ပြည့်ဖြိုးကျော်နှင့် CJ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









