23 C
Yangon

သာကေတ ၁၀ ရပ်ကွက်စျေးတွင် စစ်တပ်၊ရဲနှင့် စည်ပင်များ ရောက်ရှိလာပြီး ဆိုင်များ မပိတ်ရန်၊ ပိတ်ထားသော ဆိုင်များ ချက်ချင်းပြန်ဖွင့်ရန် အတင်းအကျပ် လုပ်ဆောင်နေ၊ ဖုန်းဖြင့် ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးမှု လုပ်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ ရပ်ကွက်စျေးတွင် ယနေ့ နံနက် ၁၀ နာရီ ကျော်အချိန် စစ်တပ်၊ရဲနှင့် စည်ပင်များ ရောက်ရှိလာပြီး ဆိုင်များ မပိတ်ရန်၊ ပိတ်ထားသော ဆိုင်များ ချက်ချင်းပြန်ဖွင့်ရန် အတင်းအကျပ် လုပ်ဆောင်နေကြောင်း ယင်းစျေးအနီး နေထိုင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်ခွေးတွေရော ရဲတွေရော၊ စည်ပင်တွေရော ၁၀ ရပ်ကွက်စျေးထဲက ဆိုင်တချို့ ပိတ်တာတွေကို ပုံလိုက်ရိုက်နေကြတယ်။ ပြီးတော့ ဆိုင်ရှင်တွေ ချက်ချင်း ခေါ်ခိုင်းပြီး ဆိုင်ပြန်ဖွင့်ခိုင်းတယ်။ ဆိုင်ကယ်ကယ်ရီ ပျူတွေရော အများကြီးပဲ” ဟု သာကေတမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ဖုန်းဖြင့် အသံတိတ် သပိတ် ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှုများကို မလုပ်ဆောင်ရန်နှင့် လုပ်ဆောင်ပါက ဖမ်းဆီးမည်ဟု စစ်တပ်နှင့်ရဲများက ပြောဆိုဖိအားပေးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article