ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေအများစုကို သားဖြစ်သူ အောင်ပြည့်စုံကို ချထားပေးနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဂတိလိုက်စားမှုကျူးလွန်သူတွေကို ကျောသားရင်းသားမခွဲခြားဘဲ အရေးယူမယ်လို့ ပြောဆိုလိုက်ပါတယ်။
- ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) ဟာ အိန္ဒိယစစ်လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics Limited (BEL)၊ Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီး Sumitomo Corporation တို့မှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှု တွေကို ပြန်လည်ရုပ်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။
- တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြေပြင်စိုးမိုးထိန်းချုပ်နယ်မြေတွေကို လက်တွေ့ကျကျစီမံ အုပ်ချုပ်နိုင်ဖို့အတွက် NUG ကိုပြုပြင်ပြောင်းလဲလိုက်ပြီး ဝန်ကြီးဌာန ၁၇ ခုကနေ ၁၂ ခုအထိ လျှော့ချကာ ဝန်ကြီးဌာနတချို့ ပေါင်းစည်းတာနဲ့ ဖျက်သိမ်းတာတတွေကို လုပ်ဆောင်လိုက်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း က ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




