32 C
Yangon

တောင်ငူအခြေစိုက် ကေတုမတီလေတပ်စခန်း ဆီသိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ပစ်မှတ်ကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီး နာရီဝက်ခန့်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းရှိ ဆီသိုလှောင်ကန်များကို ၁၀၇ မမ ရှော့တိုက်ဒုံးမျာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး နာရီဝက်ခန့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် တောင်ငူမြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ ကေတုမ တီ လေတပ်အတွင်းရှိ ဆီလှောင်ကန်များကို အဓိကပစ်မှတ်ထား၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲသံများ ကြားရကြောင်း၊ လေတပ်အတွင်း ပေါက်ကွဲမှုမှာ နာရီဝက်ကျော်ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိ နိုင်ကြောင်း သိရသည်။

“ပစ်မှတ်ကတော့ အဓိက ဆီလှောင်ကန်တွေ သီးသန့်ကို ရည်ရွယ်ပစ်တာပါ၊ စစ်ကောင်စီက တောင် ငူ နဲ့ ရေတာရှည်တဝိုက်က ကျေးရွာတွေမှာ စစ်ကြောင်းတွေ ထိုးပြီး နေရာပေါင်းစုံအထပ်ထပ် ပိတ် ဆို့ ထားတာ။ အဲဒီကြားထဲက လုပ်ခဲ့ရတာဆိုတော့ အတော့်ကို ခက်ခဲပြီး စွန့်စားရပါတယ်။ လေတပ် ပြိုဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ပူးပေါင်း တိုက်ခိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်” Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းကာ BWM ၏ Mission 47 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် စစ်အုပ်စု၏ လေတပ်ကို အမြန်ဆုံးဖြို ခွင်းနိုင်ရေးမှာ တော် လှန်ရေး အချိန်ကြာလာသည်နှင့် အမျှ အရေးကြီးလာပြီဖြစ်၍ BWM အဖွဲ့က နယ်မြေခံမဟာမိတ်များနှင့်ပူးပေါင်းကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုဘက်မှ အထပ်ထပ် ပိတ်ဆို့ ကာဆီးသော်လည်း နယ်မြေခံမဟာမိတ်အဖွဲ့များ၏ အမာခံကူညီမှုကြောင့် အခက်အခဲများ ကြားမှပင် ဝင်ရောက် ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article