မန္တလေးတိုင်း မေမြို့၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့တို့တွင် ပြည်သူများက အသံတိတ်သပိတ်ပြုလုပ်နေပြီး လမ်းသွားလမ်းလာပြည်သူများမရှိတော့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်လုံးအတိုင်းအတာဖြင့် ပြုလုပ်နေသော အသံတိတ် သပိတ်၌ မေမြို့၊ ဘုရားသုံးဆူမြို့၊ ယင်းမာပင်မြို့နယ်နှင့် ဆောမြို့တို့မှ ပြည်သူများ ရာနှုန်းပြည့် ပူးပေါင်းပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




































