27 C
Yangon

တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Kenni Twilight Zone မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ်ကို ထုံးဘိုကြီးရွာအထွက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၉ ဦး နေရာတင်ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးရှိကြောင်း၊ ထိုထိခိုက်ဒဏ်ရာရရှိသူများနှင့် စစ်သား အလောင်းများကို ပဒဲကျေးရွာသို့ သယ်ဆောင်သွားပြီး လူနာတင်ကား ၄ စီးဖြင့် ထုံးဘိုကြီးရွာသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“လူနာတွေ ထဲမှာတော့ အခြေနေဆိုးတဲ့ကောင်တွေလဲပါတယ်။ စစ်ခွေး စစ်ကြောင်းကတော့ တောင်ငူ-လိပ်သို လှုပ်ရှားစစ်ကြောင်းဖြစ်ဖို့များတယ်။ စစ်ခွေး လေယာဥ်ကွင်း အပစ်မခံရအောင် စစ်ကြောင်းထိုးလာတာ စစ်ခွေး စစ်ကြောင်းကတော့ ပဒဲရွာဘက်ကိုဆုတ်သွားတယ်။ ပြည်သူတွေကို ဖမ်းဆီးသွားတာမျိုးမရှိပါဘူး။ တောလမ်းတိုင်း ပြန်ဆုတ်သွားတာကြောင့် နေအိမ်တွေ မီးရှို့သွားတာမျိုး မရှိပါဘူး။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ မရလိုက်ဘူး။ ခွေးတွေက တောင်ငူ-လိသို လမ်းတလျှောက်တိုင်းထိုးတယ်။ စစ်ခွေးတွေ သေတာကို ကျနော်တို့ မျက်မြင်တွေ့ခဲ့ရတာပါ။ တိုက်ပွဲဖြစ်တာက ပေ ၂၀ လောက်ပဲ ကွာတယ်။ ကျည်ကုန်သွားလို့ လက်နက်မကောက်နိုင်ခဲ့တာကြောင့် လက်နက်ခဲယမ်းကူညီပေးဖို့အကူညီတောင်းချင်ပါတယ်”ဟု Kenni Twilight Zone မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ငူ-လိပ်သို လမ်းပိုင်းသို့ စစ်ကြောင်းများ မကြာခဏ ထိုးနေသောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် Kenni Twilight Zone အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article