စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်ကိုယ်စားလှယ်များကို ဥပဒေအရ အရေးယူသွားမည်ဟု ဗီနိုင်းထောင်ကာ သတိပေးထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မုံရွာမြို့နယ်အတွင်းရှိ နေရာများတွင် အကြမ်းဖက်စစ်တပ်က ပြု လုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်များကို စစ် အာ ဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဒီမိုကရေစီအခြေခံ အခွင့်အရေးများ ကာကွယ်ရေးစောင့်ရှောက်ရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗီနိုင်းများထောင်ကာ သတိပေးထားခြင်းဖြစ်ကြောင်း သိရ သည်။
“စကမ ကနေ ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက် အရွေးခံကြမယ့် နိုင်ငံရေး အောက် တန်းစားတွေကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူမယ့် အကြောင်း ဗီနိုင်းထောင်ကာ သတိပေးခဲ့ပါ တယ်။” ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ လုပ်ဆောင်မှုကို မုံရွာမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စုပေါင်းကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း စစ်ကော်မရှင်က ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ရွေးချယ်မည့်သူများကို Social Punishment ပြုလုပ်ကြရန် တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









