28 C
Yangon

စစ်တပ်၏ ဖမ်းဆီးမှု ခံနေရသော ကျန်းမာရေး မကောင်းမွန်သည့် အမေဖြစ်သူနှင့် အဆက်အသွယ် မရတော့သဖြင့် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားတာမျိုး ဖြစ်နိုင်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ထုတ်ပြော

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အကြမ်းဖက်စစ်တပ်၏ စစ်တပ်၏ ဖမ်းဆီးမှု ခံနေရသော ကျန်းမာရေး မကောင်းမွန်သည့် အမေဖြစ်သူနှင့် အဆက်အသွယ် မရတော့သဖြင့် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

ကျန်းမာရေးချို့ယွင်းနေသည့် အဖမ်းခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ လုံးဝပြတ်တောက်နေသဖြင့် သားဖြစ်သူက မိခင်ဖြစ်သူ ကွယ်လွန်သွားပြီလားပင် မသိရသေးသည့်အခြေအနေဖြစ်ပြီး စိုးရိမ်ပူပန်လျက်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

ကင်မ် အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်း က မိခင်ဖြစ်သူ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ထံမှ နှစ်များစွာ အဆက်အသွယ်မရရှိတော့ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှလုံးရောဂါ၊ အရိုးနှင့် သွားဖုံးဆိုင်ရာ ကျန်းမာရေးပြဿနာများအကြောင်းကို တစ်ဆင့်စကားဖြင့်သာ မကြာခဏ ကြားသိရကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံဘဲ မိခင်၏ အခြေအနေ သက်သာရာရစေရန် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“သူ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်။ ဘယ်သူမှ သူ့ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မတွေ့ရတော့ဘူး။ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ ဆက်သွယ်ခွင့် မရဘူးဆိုတာ ထားပါတော့၊ မိသားစုနဲ့တောင် အဆ က်အသွယ် မရခဲ့ဘူး။ ကျွန်တော် သိရသလောက်တော့ အမေ ကွယ်လွန်သွားတာမျိုး ဖြစ်နိုင်တယ်” ဟု ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်းက ပြောသည်။

“ကျွန်တော့်စိတ်ထဲမှာ မင်းအောင်လှိုင်က အမေနဲ့ပတ်သက်ပြီး သူ့ရဲ့ လုပ် ငန်းစဉ် ရှိလိမ့်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲ မတိုင်မီ ဒါမှမဟုတ် နောက်ပိုင်းမှာ ပြည်သူလူထုရဲ့ ဒေါသကို ပြေလျော့စေဖို့ သူ့ကို လွှတ်ပေးတာပဲဖြစ်ဖြစ်၊ နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ပေးတာပဲဖြစ်ဖြစ် လုပ်ဖို့ ကြိုးစားတာမျိုးအနည်းဆုံးတော့ အဲဒါ တစ်ခုခု ဖြစ်လာနိုင်တယ်” ဟု သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲလိမ်လည်မှုများအပါအဝင် စွဲချက်များအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

သားဖြစ်သူ ကင်မ် အဲရစ်က မိခင်ဖြစ်သူမှာ မြို့တော် နေပြည်တော်၌ ထိန်းသိမ်းခံနေရသည်ဟု ယုံ ကြည်ကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်က မိခင်ထံမှ ရရှိခဲ့သည့် နောက်ဆုံးစာတွင် ဆောင်းရာသီနှင့် နွေ ရာသီများအတွင်း ၎င်း၏ အခန်းတွင်း အပူချိန်လွန်ကဲမှုအကြောင်းကို ညည်းညူထားကြောင်း ပြောပြသည်။

ကမ္ဘာတစ်ဝန်း ပဋိပက္ခများ ပေါ်ပေါက်နေသောကြောင့် လူအများစုက မြန်မာ နိုင်ငံကို မေ့နေကြမည်ကို ၎င်းက စိုးရိမ်သည်။

စစ်တပ်က လာမည့် ဒီဇင်ဘာ ၂၈ မှစတင်၍ အဆင့်လိုက်ကျင်းပရန် စီစဉ်ထား ရွေးကောက်ပွဲကို အခွင့်ကောင်းယူ၍ ဂျပန် အပါအဝင် နိုင်ငံတကာအစိုးရများက စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးရန်နှင့် မိခင်ကို လွှတ်ပေးရေး တောင်းဆိုပေးရန် သားဖြစ်သူက ကြိုးစားနေသည်။

ဂျပန်ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို ပိုမိုပြင်းထန်စွာ ဆန့်ကျင်ရပ်တည်ရန်နှင့် ရွေးကောက်ပွဲကို ပယ်ချရန် ဖိအားပေးခဲ့ကြောင်း သူက ပြော သည်။

“ကျွန်တော် ဒီလိုလုပ်ရတဲ့အတွက် အမေ အရမ်းဝမ်းနည်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ပါဝင်စွက်ဖက်ဖို့ အမေက လိုလားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိဘူး။ ကျွန်တော်က သူ့သားဖြစ်နေတာပဲ။ ကျွန်တော်မှ မလုပ်ရင်လေ တခြားသူတွေက လုပ်ပေးမယ်လို့ မျှော်လင့်လို့ မရဘူး” ဟု သူက ပြန်လည်ဖြေကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article