ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နှင့် RSOက အင်အား ၁၀ ဦးခန့်ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်လာကာ လက်နက်ငယ်အပါအဝင်၊ 40 MM (79) ဖြင့် အလစ်အငိုက်ချောင်း မြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပစ်ခတ်မှုတွင် AA တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ မိနစ်အနည်း ငယ်ကြာမြင့်ခဲ့ပြီး ARSA နှင့် RSO က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ BGB နယ်ခြားစောင့်စခန်းတစ်ခုအနီးသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ အလစ်အငိုက်တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားပြည်သူများကို ခြုံခိုတိုက်ခိုက်ခြင်း၊ သတ် ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်း၊ ရခိုင်ပြည် နယ်စပ်ရှိ နေရာများကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်ကာ ထိုသို့ တိုက်ခိုက်မှုလုပ်ရပ်များကို အကျင့်ပျက် BGB တပ်မှူးများက မသိကျိုးကျွန်ပြုကာ အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေကြောင်း၊ နယ်စပ် တည်ငြိမ်ရေးကို များစွာအနှောင့် အယှက်ဖြစ်စေကြောင်း၊ ယုံကြည်မှုများကို ဆုတ်ယုတ်စေကာ မလိုလားအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




