ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ဒီဇင်ဘာလ ၁၄ ရက်နေ့ မြန်မာနိုင်ငံစစ်တပ်ဘက်မှ ဒုတိယရဲချုပ်၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံဘန်ကောက်မှတဆင့် လေကြောင်းခရီးစဉ်ဖြင့် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် မြန်မာ-ထိုင်းအမှတ် ၁ တံတားမှတစ်ဆင့် ယမန်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် မြဝတီခရိုင်ရဲရုံးအနီး Green Star ဟိုတယ် ရောက်ရှိနေကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထေက်ဝန်ကြီး MR Liu Zhong Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ကလည်း မဲဆောက်မြို့မှ တစ်ဆင့် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတား ကို ဖြတ်သန်း၍ မြ၀တီမြို့သို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင် ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးကို မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား ၂ တွင်အစည်းအဝေး ပြုလုပ်ပြီး တရုတ်လက်ထောက်လုံခြုံရေးဝန်ကြီးက မြဝတီမြို့အနီး K K Part နှင့် ရွှေကုက္ကကိုလ်ကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






