33 C
Yangon

ဘောလခဲတွင် ရဲတပ်ကြပ်ကြီး ၂ ဦး လက်ပစ်ဗုံး ၆ လုံး၊ ကျည် ၃၁၂ တောင့်၊ စကားပြောစက် ၂ လုံးနှင့်အတူ CDM ဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကရင်နီပြည်နယ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) သို့ ဇူလိုင်လ ၃ ရက်နေ့တွင် ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးတပ်စုမှ တပ်ကြပ်ကြီး ကိုဝင်းထွန်းနှင့် နယ်ထိန်း တပ်ကြပ်ကြီး ကိုမျိုးဆွေဦးတို့ CDM အဖြစ် ဝင်ရောက်ခိုလှုံခဲ့ကြောင်း Bawlakhe PDF က သတင်းထုတ်ပြန်သည်။

CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီး နှစ်ဦးက ၇ ဒသမ ၆၂ မမ ကျည် ၃၂၁ တောင့်၊ လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကားပြောစက် နှစ်လုံးတို့ ပါလာကာ BPDF သို့ အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကော်စီဘက်မှ CDM ပြုလုပ်လာမည့် စစ်သားများနှင့် ရဲသားများကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်းလည်း BPDF မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article