နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက် နှင့် တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
လူထုအပေါ် အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းမျိုးစုံနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့စဉ်နှင့်အမျှ ကျူးလွန်နေတာကြောင့် တစ်နိုင်ငံလုံး အထွေထွေ လူမှု စီးပွားအကျပ်အတည်းတွေ ရင်ဆိုင် နေရပါတယ်။
အဲ့ဒီအကျပ်အတည်းကနေ ပြည်သူလူထုတရပ်လုံး အမြန်ဆုံး လွတ်မြောက်ဖို့ တပ်ပေါင်းစုအား နဲ့ တိုက်ပွဲဝင်သွားမယ်လို့ သူကဆိုပါတယ်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ဘယ်လိုတွေဖွဲ့စည်းထားလဲ။ ဘာတွေဆက်လုပ်ကြမှာလဲ။အကြမ်းဖက်စစ်အုပ်စုကို ဘယ်လိုတိုက်ခိုက်သွားမလဲ။ ပြည်သူတွေ လိုလားတောင်းတနေတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးကိုရော ဘယ်လောက်အတိုင်းအတာထိ လုပ်မလဲဆိုတာကို ရန်ကုန်ခေတ်သစ်က ကိုမင်းဟန်ထက်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




