ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသော အကြမ်းဖက်စစ်တပ်ဒေါက်တိုင် သန်းဇော်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ညောင်ပင်စုရွာတွင် နေထိုင်သော အကြမ်း ဖက် စစ်တပ် ဒေါက်တိုင် သန်းဇော်ကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၄ မှ ညောင်ပင်စုကျေးရွာ ကြက်ဝိုင်း၌ ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် သန်းဇော်သည် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ် တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း စုဆောင်းရာတွင် ဦးဆောင်ပါဝင်ခြင်း၊ လောင်းကစား လုပ်ငန်းဖြင့် စစ်တပ်ကို ငွေကြေးရှာဖွေပေးခြင်း၊ စစ်တပ်ကို သတင်းပေးပို့သောကြောင့် တော်လှန်ရေး ရဲဘော်တချို့ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ၎င်း သတင်းပေးခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ဖမ်းဆီးခံရခြင်းနှင့် တိမ်းရှောင်နေရသူများလည်းရှိကြောင်း သိရှိရသည်။
“သန်းဇော်ကို စစ်တပ်ထံ သတင်းပေးတာတွေ ဆက်မလုပ်ဖို့ ကျနော်တို့ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက သူက ဂရုမစိုက် ဘဲဆက်လက် လုပ်ကိုင်နေသည့်တဲ့ ကျနော်တို့ ရှင်းလင်းခဲ့တာဖြစ်ပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန် ကြားရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးနေသော အုပ်ချုပ်ရေးမှူးများ ၊ အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များနှင့် သတင်းပေးများကို အရေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲဘော် Shadow က ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




