25 C
Yangon

ရန်ကုန်နှင့် ဧရာဝတီတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ခလရ ၂၆၇ တပ်ရင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦး တပ်တွင်း၌ အနိုင်ကျင့် နှိပ်စက်ခံရ၍ သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ခလရ ၂၆၇ တပ်ရင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦး တပ်တွင်း၌ အနိုင်ကျင့် နှိပ်စက်ခံရ၍ သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ မိုင်ကရိုဝိတ်တောင်ပေါ်၌ တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် ကိုပြည့်ဖြိုးမောင် နှင့် ကိုပြည့်လင်းအောင် တို့ ၂ ဦးသည် MA – 1 သေနတ် ၂ လက် ၊ ကျည်ဘောက် ၂ ခု ၊ ၅.၅၆ ကျည် ၅၀ တောင်နှင့်အတူ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထဲသို့ ရောက်ရှိလာကာ ခလရ ၂၆၇ တပ်းရင်းသို့ ပို့ဆောင်ခံရပြီး ထိုမှတဆင့် ကျောက်နီမော်ရွာရှိ မိုင်ကရိုဝိတ်တောင်ပေါ်သို့ ရောက်လာပြီး အကြမ်းဖက် စစ်သားများက အနိုင်ကျင့် နှိပ်စက်ခြင်းကြောင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ လက်နက်များပါ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် တပ်သားသစ် ၂ ဦးကို ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ခဲ့ကာ ၎င်းတို့ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ပါကြောင်း သိရသည်။

“သူတို့ ၂ ဦးက လွန်ခဲ့တဲ့ ၅ လကျော်လောက်က ရန်ကုန်နဲ့ ဧရာဝတီတို့မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ အဲလို ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ ရှမ်းပြည်နယ် ဖုတ်ကုန်းမှာ သင်တန်း ၃ လ တက်ခဲ့ရတယ်။ နောက်ပြီး ထားဝယ် ခလရ ၂၆၇ တပ်းရင်းကို ၁ လ လောက်နေပြီး လောင်းလုံး ကျောက်နီမော် မိုင်ကရိုဝိတ်တောင်ပေါ်ကို ပို့ဆောင်တယ်လို့ သိရတယ်။ အဲ့ကိုရောက်တော့ စစ်ခွေးတွေက အနိုင်ကျင့် နှိပ်စက်လို့ နောက်ပြီး တာဝန် မထမ်း​ဆောင်ချင်လို့ ထွက်ပြေးလာတာလို့ သိရတယ်။ အဲလိုထွက်ပြေးလာတဲ့ အချိန် ​ပြည်သူ ၁ ဦးနဲ့ တွေ့ပြီး ကျနော်တို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ကို အကြောင်းကြားလာ၍ ကျနော်တို့မြေပြင်ကို အမြန်ဆုံးသွားပြီး ကူညီခေါ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒသဘောတိုင်း ကျနော်တို့ဘက်က လုပ်ဆောင်ပေးသွားမှာပါ။ လောလောဆယ်တော့ သူ့တို့စဥ်းစားနေဆဲပါ” ဟု လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) မှ တာဝန်ရှိသူက ပြောဆိုသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခုံလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)က နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article