28 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၍ ကျေးရွာ ၁၃ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၍ ကျေးရွာ ၁၃ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့ လူသားစာနာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် FAW ကား ၂ စီး အင်အား ၁၅၀ ခန့်ဖြင့် ပျမရွာသို့ ရောက်ရှိလာပြီး ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရွေဘုံသာပျူစောထီးရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ထိုမှ တဆင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအနားရှိ‌ကျေးရွာများကို စတင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ကျေးရွာ ၁၃ ခု ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းဝရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် စသိန်းကျေးရွာမှ ပြည်သူပိုင် နေအိမ်တချို့ကို ဒုတိအကြိမ် ထပ်မံ မီးရှို့နေကြောင်း သိရသည်။

“ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာ ရှိတယ်။ စစ်ခွေး စစ်ကြောင်းရှိနေလို့ လူဦးရေ အတည်ပြုလို့ မရသေးဘူး။ အခုလည်း စစ်ခွေး စစ်ကြောင်းက ပြည်သူပိုင် နေအိမ်တွေကို ထပ်မံ မီးရှို့နေပါတယ်။ ကျေးရွာ ၁၃ ခုကျော်က သောင်းနှင့်ချီတဲ့ ပြည်သူတွေလည်း ဘေးလွတ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပေါက်မြို့ လူသားစာနာ ဌာနမှ တာဝန်ရှိသူကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article