33 C
Yangon

ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်ရှိ ဖုန်းအားသွင်းကြိုး ထုတ် Jin Xin တရုတ်စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော် လုပ်ခ လစာနည်းပါး၍ လစာတိုးပေးရန် ဆန္ဒပြတောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်ရှိ ဖုန်းအားသွင်းကြိုး ထုတ်လုပ်သည့် Jin Xin တရုတ်စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော် လုပ်ခ လစာနည်းပါး၍ လစာတိုးပေးရန် ဆန္ဒပြတောင်းဆိုနေကြကြောင်း စက်ရုံအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာန ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီမှ စ၍ အလုပ်သမားများ လုပ်ခလစာ ပိုမိုရရှိရေးအတွက် စု ပေါင်း ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုလစာက ဒေးကြေး ၈၀၀၀၊ အိုတီ ၂၀၀၀ ၊ ရက်မှန်ကြေး ၂၀၀၀ ပါ။ တိုးတောင်းလစာက ဒေးကြေး ၁၂၀၀၀ ၊ အိုတီကြေး ၂၅၀၀ ၊ ရက်မှန်ကြေး ၅၀၀၀၀ တောင်းထားပါတယ်။ အလုပ်သမားရုံးက လူတွေတော့ ရောက်လာပြီး ညှိနှိုင်းနေပါတယ်” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်ရုံတွင် လုပ်ခ လစာ နည်းပါးမှုအတွက် အလုပ်သမားများဘက်က ယခင်ကလည်း မကြာခဏဆိုသလို တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း စက်ရုံဘက်မှ တိုးပေးခြင်းမရှိ၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲတချို့က စက်ရုံအပြင်ဘက်တွင် ဆန္ဒပြ အလုပ်သမားများ၏ အခြေအနေကို စောင့်ကြည့်မှုများရှိနေကြောင်း၊ ဆန္ဒပြအလုပ်သမားများကလည်း ညှိနှိုင်းမှု မပြေလည်ပါက စစ်တပ်နှင့်ရဲများက ဆန္ဒပြ အလုပ်သမားများကို ဝင်ရောက် ဖမ်းဆီးမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article