ရန်ကုန်၊ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်း ဖက် စစ်တပ်ကို အင်ပင်ကြီးရွာနှင့် စမ်းတွန်းကြီးရွာကူးတံတားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ကျောက်ပန်းတောင်းမြို့ပေါ်က ထွက်လာတာပါ။ အင်အား ၈၀ ပါတယ်။ ဘုရားကြီးကုန်းက ပြည်သူ ၁ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ကျောက်ပန်းတောင်းမြို့ပေါ်ကို ပြန်အဆုတ်မှာ အင်ပင်ကြီးနဲ့စမ်းတွန်းကြီး ကူးတဲ့လမ်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ဦးကတော့ ပြန်လွတ်လာပါတယ်။ စစ်ခွေး ၇ ကောင်သေဆုံးတယ်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F) ၊ ချောက်မြို့နယ် ပကဖ ၊ ညောင်ဦး ယင်း (၄) နှင့် No Chair ပြောက် ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ညောင် သုံးပင်ကျေးရွာတွင် စခန်းချနေသော စစ်တပ်စခန်းကို မိုးကုတ်မြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း မိုးကုတ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“တော်လှန်ရေးတပ်တွေက စခတွေ နေရာချတဲ့ စခန်းတွေကို မြင်နေရတော့ ဒရုန်းနဲ့ တောက်လျှောက် ဗုံးကျဲတာတွေ လုပ်နိုင်နေတယ်။ တော်လှန်ရေးတပ်တွေရဲ့ နေရာကိုတော့ စခတွေ မသိတော့ ရမ်းသမ်း ပစ်တာ လေကြောင်းတိုက်ခိုက်တာပဲ လုပ်နိုင်တယ်။ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုမှာတော့ လော လော ဆယ် တော်လှန်ရေးဘက်က ထိထိရောက်ရောက် ပစ်နိုင်တဲ့ အနေအထားဖြစ်နေပါတယ်” ဟု မိုးကုတ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မိုးကုတ်နှင့် မိုးမိတ်ဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးဆိုင်ရာ ဦးစီးကော်မ တီ တစ်ရပ်ကို ဖွဲ့စည်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ လတ် တလော စစ်တပ်၏ စခန်း ၁ ခုကို ပြန်လည် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း NUG က တရားဝင် သ တင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




