ဒီဇင်ဘာလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော သတင်းအချက် အလက်လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ ရလဒ်များ အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် အာဏာ သိမ်းပြီးချိန်မှစ၍ ပြည်သူတစ်ဦးချင်းစိစစ်စောင့်ကြည့်ရေးစနစ် (PSMS) ကို အသက်သွင်းခြင်းဖြင့် ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက် လှမ်း မှုကို တိုးမြှင့် ဆောင်ရွက်နေ၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိကြောင်း၊ ပြည်သူများသည် အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် နေထိုင်ရလျက်ရှိပြီး ဤသို့သော အခြေ အနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွမှာ လွတ်လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်ကြောင်း အဆိုပါအတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်၊ တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက် ချိုးဖောက်နေကြောင်း၊ အင်တာနက် ဖြတ်တောက်ခြင်း၊ Virtual Private Networks အသုံးပြုခြင်းကို ကန့်သတ်ခြင်းနှင့် လူသိများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များအပါအဝင် အင်တာနက်ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံသားအားလုံး၏ သတင်းအချက်အလက်ရယူခွင့်ကို ချိုးဖောက်ခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို ဖိနှိပ်ကာ စာနယ်ဇင်း ဂျာနယ်လစ်ပေါင်း ၂၂၅ ဦး ကို မတရားဖမ်းဆီးခဲ့ပြီး သတင်းထောက်နှင့် မီဒီယာသမား ၉ ဦးမှာ စစ်တပ်နှင့် ၎င်း၏ လက် အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်း အချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများအပေါ် တိုက်ခိုက်မှုများသည် လွတ်လပ်သောအသံများကို ဖိနှိပ်ခြင်းနှင့် စစ်တပ်၏ ဝါဒဖြန့်ချိမှုကို မြှင့်တင်ခြင်းဟူသော ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သတင်းအချက် အလက်အမှားများနှင့် လိမ်ညာဝါဒ ဖြန့်ချိမှုများကို ဖြန့်ဝေရန် ၎င်းတို့၏ ကြိုးပမ်းမှုများတွင် အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသည့် မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့များ၊ Influencer လိုင်းများ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စုအလိုတော်ရိ သံတမန်များနှင့် ၎င်းတို့၏ရုံးများလည်းပါဝင်နေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
နောက်ဆုံးအချက်အနေဖြင့် ကျင့်ဝတ်ဆိုင်ရာအတိုင်းအတာများ (အခြေခံမူ B10) နှင့်စပ်လျဉ်း၍ ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် ဆန့်ကျင် ဘက် လှုပ်ရှားသူများကို ခွဲခြားသိရှိဖမ်းဆီးရန်အတွက် AI၊ မျက်နှာမှတ်သားစနစ်၊ CCTV စောင့်ကြည့် ရေးနှင့် ဇီဝဗေဒဆိုင်ရာ အချက်အလက်များအပါအဝင် အခြားနည်းလမ်းများကို အသုံးပြုနေ ကြောင်း၊ အကြမ်း ဖက် စစ်အုပ်စုသည် နိုင်ငံခြား လုံခြုံရေးကွန်ရက် ကုမ္ပဏီ များက ပံ့ပိုးပေးသော နည်းပညာများကြောင့် တယ်လီဖုန်း မှတ်ပုံတင် ID များမှတစ်ဆင့် လူပုဂ္ဂိုလ်များကို ခြေရာခံရှာဖွေနိုင်သည့် နည်းပညာများကိုလည်း လက်ဝယ် ရရှိထားပါကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံအစည်းအဝေးတွင် နိုင်ငံတကာသို့ အသိပေးသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






