ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်တွင် ကိုယ်ကျိုးအတ္တနှင့် လွဲမှားသည့် အတွေးအခေါ် အယူအဆများကြောင့် လက် နက်ကိုင်ပဋိပက္ခများဖြင့် ယနေ့အထိ တည်ငြိမ်အေးချမ်းမှု ပျက်ပြားလျက်ရှိကြောင်း အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုသည်။
ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ မင်းအောင်လှိုင်က ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ အပြစ်တင်ပြောဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များ အချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက် နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမမးှု ပျက်ပြားခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ အစိုး ရအဆက်ဆက် ထာ၀ရ ငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့် အတွေး အခေါ် အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများအားလုံးအကျိုးထက် ကျဉ်း မြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများ ယနေ့ ကာလအထိ ရှည်ကြာနေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိ NCA အပစ်ရပ်သဘောတူစာချုပ်ပါ သဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင်များက ပါဝင် လက်မှတ်ရေးထိုးပြီး လက်တွဲဆောင်ရွက်ခဲ့ကြသော်လည်း တချို့မှာ အမှန်အတိုင်း ရှုမြင်ဆင် ခြင် သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်တွင်ပင် လျှောက်လှမ်းနေဆဲဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူ အကျိုးကို ရှေးရှုလျက် ငြိမ်းချမ်းရေး လမ်းကြာင်းပေါ် လျှောက်လှမ်းရန် တိုက်တွန်းလိုကြောင်း၊ အစဉ်အမြဲ တံခါးဖွင့်ထားကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်၍ တိုင်းရင်းသားပြည်သူများအနေဖြင့် ရွေးကောက် ပွဲ အောင်မြင်ရေး ၀ိုင်းဝန်း ပါဝင် ကူညီဆောင်ရွက်ပေးကြရန် အကြမ်းဖက် မင်းအောင်လှိုင်က တိုက် တွန်းတောင်းဆိုသည်။
KNU ကမူ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းသွားခဲ့ပြီး စစ်တပ်က ထာ၀ရ အာဏာတည်တံ့ခိုင်မြဲစေရေး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဖြင့် ချုပ်ကိုင်ထားကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ ထုတ်ပြန်သော သဝဏ်လွှာတွင် ထုတ်ဖော်ပြောဆိုထားသည်။
ယင်းအပြင် စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲမှာလည်း အတုအယောင်သာဖြစ်ပြီး စစ်ခေါင်း ဆောင် အများအပြားက ရွေးကောက်ပွဲတွင် ပါဝင် အရွေးခံပြီး အနိုင်ရရေး နည်းလမ်းမျိုးစုံ အသုံးပြုနေကြောင်း KNU ဥက္ကဋ္ဌက ထောက်ပြ ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




