တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သော NUG လက်အောက်ခံ တပ် မှူးတချို့ နှင့်ရဲဘော်များ အပါအဝင် စုစုပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးဝန်းကျင် ပြန်လည်လွတ် မြောက်လာပြီဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန နည်းဗျူဟာမှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ်က လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ထပ်မံ အသိပေး သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ် အခြေ စိုက် KNUတပ်ရင်း ၁၂ မှ ဖိုးသောကြာ/ထူးကပေါ် တို့ ဦးစီးသော တပ်ရင်းက NUG လက် အောက်ခံ အထူးတိုင်းစစ်ဌာန နည်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ် ရင်း(T5) တပ် ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်း စစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ အပါ အ၀င် ရဲဘော် ၅၀ ဝန်းကျင်ကို လက်နက် ဖြုတ်သိမ်း၍ ဖမ်းဆီး ထိန်း သိမ်းခဲ့ကြောင်း၊ ရဲဘော်အချင်းချင်း အချင်းများရာမှ ယင်းကဲ့သို့ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Happy Karen New year နှင့်အတူ ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူပြန်ရောက်ပါပြီ။ ကျနော်တို့ မဟာမိတ်ညီအကိုတွေ ၂ ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်းအောင်မြင်မှုပါ။ ဘုံရည်မှန်းချက်တူညီကြတဲ့ တော်လှန်ညီအကိုတွေအပြင် ရှေ့ဆက်လုပ်စရာတွေလည်းအများကြီးရှိပါတယ်။ တော်လှန်ရေးအတွက် ကူညီတဲ့အသံပဲကြားပါရစေ ဘေးထိုင်ပြီး သွေးခွဲတဲ့ စကားတွေ သပ်လျှိုမှုတွေမြင်လာရတဲ့အတွက်လည်း ရပ်သင့်ပါပြီ။ မြေပြင်မှာခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့ကျနော်တို့ကသာ အသိဆုံးပါ။ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်း ကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်။ ကျနော် ကျေးဇူးအတင်ဆုံးက တော်လှန်ပြည်သူများပဲဖြစ်ပါတယ်။ အပြန် အလှန်လေးစားမှုတွေ ၊အပြန်အလှန်ယုံကြည်မှုတွေ၊ နှလုံးသားကြီး မှုတွေနဲ့တည်ဆောက်သွားကြမယ်” ဟု အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ မှ ရဲဘော် စောဒါးကို (ကိုဘိတ်)က လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါ ပြဿနာကို KNU ထိပ်ပိုင်းနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ညှိ နှိုင်းခဲ့ပြီးနောက် ပြေလည်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြဿနာစတင်ဖြစ်ပွားစဉ်ကလည်း PDF ရဲဘော်များနှင့် တပ်မှူးများကို ကောင်းမွန်စွာ ထားရှိခဲ့ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခု၏ ပြောဆိုချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





