ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ဖို့ လုပ်ဆောင်နေတာဟာ အဓိက ပြည်သူလူထုရဲ့ ဆန္ဒကို အလေးအနက်ထားဖို့ အရေးတကြီးလိုအပ်တယ်လို့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ သတင်းလိမ် ဝါဒဖြန့် အကောင့်တွေကို ၊ Facebook ၊ YouTube Twitch နဲ့ MediaFire တို့က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဒီဇင်ဘာလ ၁၈ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ ထုတ်ပြန်လာပါတယ်။
- စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်းက ခရီးသွား ပြည်သူတွေရဲ့ ယာဉ်တန်းတွေနဲ့ ဆိပ်ကမ်းတွေကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်သွားမှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရတဲ့သူတွေလည်း များထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




