31 C
Yangon

သရက်ချောင်းမြို့နယ်အတွင်း ပြဿနာဖြစ်ပွားခဲ့သော KNLA တပ်နှင့် NUG လက် အောက်ခံ တပ်မှူးတချို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ပြန်လည် ချစ်ကြည် သင့်မြတ်သွားသည့် ဓာတ်ပုံများ KNU ထုတ်ပြန်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း ပြဿနာဖြစ်ပွားခဲ့သော KNLA တပ်နှင့် NUG လက် အောက်ခံ တပ်မှူးတချို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ပြန်လည် ချစ် ကြည် သင့်မြတ်သွားသည့် ဓာတ်ပုံများ KNU ဗဟိုက ထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ကျရောက်သော ၂၇၆၅ နှစ်ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကစယ်ဒိုမြို့နယ်အတွင်းတွင် ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ကျင်းပစဉ် မြို့နယ်ဥက္ကဌ ပဒိုစောအယ်ဆဲ၊ KNLA တပ်ရင်(၁၂)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး‌ စောဒါးဒါး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ အပါအဝင် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တို့တက်ရောက် မိန့်ခွန်းစကား ပြောကြားခဲ့သော ဓာတ်ပုံများကို KNU ဗဟိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ် အခြေ စိုက် KNUတပ်ရင်း ၁၂ မှ ဖိုးသောကြာ/ထူးကပေါ် တို့ ဦးစီးသော တပ်ရင်းက NUG လက် အောက်ခံ အထူးတိုင်းစစ်ဌာန နည်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ် ရင်း(T5) တပ် ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်း စစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ အပါ အ၀င် ရဲဘော် ၅၀ ဝန်းကျင်ကို လက်နက် ဖြုတ်သိမ်း၍ ဖမ်းဆီး ထိန်း သိမ်းခဲ့ကြောင်း၊ ရဲဘော်အချင်းချင်း အချင်းများရာမှ ယင်းကဲ့သို့ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့သည်။

ယင်းနောက် တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သော NUG လက်အောက်ခံ တပ် မှူးတချို့ နှင့်ရဲဘော်များ အပါအဝင် စုစုပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးဝန်းကျင်မှာ နှစ်ဖက်ညှိနှိုင်းမှုများဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article