31 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများ အဖြစ်ကြေညာခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမည်ဟု NUG က ထပ်မံ ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက်စစ်ကောင်စီမှ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အဖွဲ့ဝင် ၃၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကြမ်းဖက်သမားများအဖြစ် ကြေညာခဲ့ပြီး နောက် ဖမ်းဆီးရရှိနိုင်ရေး ကြိုးပမ်းသွားမည်ဟု ထပ်မံ ကြေညာသည်။

ယမန်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် စစ်ကောင်စီအဖွဲ့ဝင် အကြမ်းဖက်သမားများကို ဖမ်း ဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်း ဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့်ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့် သုံး၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမား ၃၃ ဦးတွင် မင်းအောင်လှိုင်၊စိုးဝင်း၊ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်ကျော်၊ မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ သိန်းညွန့်၊ ခင်မောင်ဆွေ၊ အေးနုစိန်၊ Jeng Phang နော်တောင်၊ မောင်းဟာ၊ စိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဗညားအောင်မိုး၊ စိုးထွဋ်၊ ရွှေကြိမ်း၊ ရာပြည့်၊ ဝဏ္ဏမောင်လွင်၊ ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ပူဂင့်ကမ်းလျန်၊ မောင်ကို၊အောင်ကျော်မင်း၊ ကျော်ထွန်း၊ ခွန်စံလွင်၊ ရန်ကျော်၊ မှုထန်၊ ဘရွှေ မောင်မောင်အေး၊ ညိုစော တို့ပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article