25 C
Yangon

ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် ပကဖ အမှတ် ၁ တိုက်ခိုက်ရေးတပ်ရင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ဆည်မြောင်းတာဘောင်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၁၀ ဦးကျော်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ရင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းမှာရှိတဲ့ ဆည်မြောင်းတာဘောင်ကို စစ်ကြောင်းထိုးဖို့ လာတဲ့ အင်အား ၁၀ ကောင် ကျော်ပါ စစ်ခွေးတွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ရင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိမ်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိပါတယ်။ သေဆုံးမှုစာရင်းကိုတော့ ကျနော်တို့ အတည်မပြုနိုင်ဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် ပကဖ အမှတ် ၁ တိုက်ခိုက်ရေးတပ်ရင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article