ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်နှင့် ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းကာ တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ပွဲနှင့် တရုတ်အစိုးရနှင့် အကြမ်းဖက် မင်းအောင်လှိုင် ပူးပေါင်း ဆောင်ရွက်မည့် မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန့်ရန် လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ကြခြင်းဖြစ်သည်။
ဖားကန့်ပြည်သူများက “ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲ တို့ပြည်သူတွေက မဲပေးစရာလား “၊ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့ “၊ “NO VOTE” ၊” SHAM ELECTION”၊ “Listen the People’s will , cancel the MYITSONE Project”၊ “ပြည်သူ့ဆန္ဒကို နားထောင် မြစ်ဆုံစီ မံကိန်း ချက်ချင်း ဖျက်သိမ်း” ၊ “Save MYITSONE stop Dictatorship Project”၊ “တရုတ်အစိုးရ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်”၊”STOP MYITSONE DAM FOREVER”၊” ဧရာဝတီကို ကာကွယ်ကြ”၊” NO DAM” “MYITSONE is not for CHINA” စသည့်စာတန်းများကိုင်ဆောင်ကာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ပွဲနှင့် မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန့်ရန် ဆန္ဒထုတ်ဖော်ကြသည်။
ထို့ပြင် ဖားကန့်ပြည်သူများက တစ်နိုင်ငံ လုံးရှိပြည်သူများက မင်းအောင်လိုင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်း မဲထည့်ခြင်း လုံးဝမပြုလုပ်ကြရန်နှင့် တနိုင်ငံလုံး မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ရေး ဝိုင်းဝန်းကန့်ကွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


















